DVB Logo
Home
မြန်မာသတင်း
ပြည်သူလူထုကို အကြမ်းမဖက်ရန် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ တောင်းဆို
DVB
·
February 14, 2021
ပြည်သူလူထုကို အကြမ်းမဖက်ရန် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ တောင်းဆို
Donate to DVB

တရားဝင်အစိုးရဖြုတ်ချခံရလို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ အရပ်သားပြည်သူလူထုတွေကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းနေတာကို  ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချတယ်လို့လည်း သံအမတ်ကြီးတွေက ပြောပါတယ်။

စစ်တပ်က ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်နှောင့်ယှက်တာ၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့  ဥပဒေအရအကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်တာအတွက်လည်း လူသိရှင်ကြားကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ရှာဖွေနေကြတဲ့ မြန်မာပြည်သူလူထုကို ထောက်ခံအားပေးနေပြီး တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေတယ်လို့ သံအမတ်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကြေညာချက်ကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နော်ဝေနဲ့ ဆွစ်ဇာလန်‌ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်တက်လာနေပြီး စစ်အစိုးရကလည်း ဖမ်းဆီးမှုတွေ ပိုမိုတိုးမြှင့် ပြုလုပ်လာနေသလို ဒီကနေ့ညပိုင်း ရန်ကုန်မှာ စစ်တပ်က တင့်ကားတွေနဲ့ လှည့်လည်အင်အားပြတာတွေလည်း ပြုလုပ်နေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013