DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ရပ်ကွက်များတွင် ရဲကားဖြင့် အရပ်ဝတ်များက ညအချိန်မတော် မီးလိုက်လံဖြတ်တောက်
DVB
·
February 14, 2021
မြိတ်မြို့ ရပ်ကွက်များတွင် ရဲကားဖြင့် အရပ်ဝတ်များက ညအချိန်မတော် မီးလိုက်လံဖြတ်တောက်
1 / 4
Donate to DVB

မြိတ်မြို့က ရပ်ကွက်တွေမှာ ညအချိန်မတော် ရဲကားတွေနဲ့  မီးလိုက်လံ ဖြတ်တောက်ပြီး ဆူပူမှုဖြစ်အောင် လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညပိုင်းကစပြီး ရပ်ကွက်တွေထဲမှာ မသင်္ကာတဲ့လူတွေ တွေ့ရှိနေရပြီး အဲဒီလိုတွေ့ရှိတဲ့အခါမှာ ရပ်ကွက်နေပြည်သူတွေက သံပုံးတီး အချင်းချင်း အချက်ပေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီလိုမဖြစ်ခင် အချိန်ပိုင်းမှာ ရဲကားတွေ စီးလာတဲ့ အရပ်ဝတ်တွေက ရပ်ကွက်အတွင်းမှာရှိတဲ့ လျှပ်စစ်ထရန်စဖော်မာပုံးက မီးခလုပ်တွေကိုပိတ်ပြီး မီးဖြတ်တောက်မှုတွေ ရှိနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဒါကြောင့် ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်လုံခြုံရေး စိုးရိမ်ပြီး ညပိုင်းမှာ ရပ်ကွက်အလိုက် ကင်းချတာတွေ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် ညအချိန်မတော် မသင်္ကာလို့ ဖမ်းဆီးထားသူတွေကိုလည်း ရဲစခန်းကို မအပ်ဘဲ အားလုံးအရှေ့မှာ သက်သေအထောက်ထားနဲ့တကွ စစ်ဆေးပြီး မှတ်တမ်းယူနေတယ်လို့လည်း ဆိုပါတယ်။

ညပိုင်း အဲဒီလို ဖြစ်ပွားခဲ့ပေမယ့် ပြည်သူတွေကတော့ နောက်နေ့မနက်မှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နေသလို ဌာနဆိုင်ရာတွေကလည်း လာရောက်ပူးပေါင်းမှုတွေရှိနေပါတယ်။

တနင်္သာရီတိုင်းထဲ မြို့နယ်တွေမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို မြို့နယ်တွေအလိုက် နေ့စဥ် အရှိန်ဟုန်မပျက် ငြိမ်းချမ်းစွာတောင်းဆိုနေကြသလို ဒီကနေ့မှာတော့ ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးစနစ် သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင် ၇ ဦး လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013