မန္တလေးတိုင်း ဝမ်းတွင်းမြို့ ဖေဖော်ဝါ ၁၄ ရက်က သဲတောလွတ်လပ်ရေးကွင်းမှာ ငြိမ်းချမ်းစွာ စုဝေးဟောပြောပြီး သဲတော ဝမ်းတွင်းလမ်းမကြီးမှာ ဘောလုံးချစ်သူတွေ၊ LGBT တွေ၊ ဝန်ထမ်းတွေအပါအဝင် အလွှာပေါင်းစုံ အင်အားသောင်းချီ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇ ရက်မြောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတောင်သူတစ်ဦးက "ပြည်သူ့အစိုးရလက်ထက်ပဲ လိုချင်ပါတယ်။ အာဏာရှင်ခတ်က စိုက်ပျိုးရေးအတွက် ရေဝယ်ပြီး စိုက်ခဲ့ရလို့ အခုလို ဆန္ဒပြနေရတာပါ" လို့ ပြောပါတယ်။
အာဏာရှင်ကို ဖြုတ်ချဖို့ရာ ဝန်ထမ်းတွေက အဓိကပါပဲ၊ ရုံးမတက်နဲ့ ရုံးထွက်၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေး၊ ဝန်ထမ်းတွေ အိမ်မှာနေပါ ဇိမ်ပဲ ဇိမ်ပဲ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း