အသက် ၁၀၆ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အလှူ ပလာတာ၊ ပဲပြုတ်နှင့် နံပြားကျွေး

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း​ရဲ့ အသက် ၁၀၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့အလှူအခမ်းအနားကို သုဝဏ္ဏပန်းခြံရှေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူတွေ စုပေါင်းကာ ပလာတာ၊ ပဲပြုတ်နှင့် နံပြားကျွေးမွေး လူဒါန်းခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖခင် ဦးဖာနဲ့ မိခင် ဒေါ်စုတို့က နက်မောက်မြို့မှာ မွေးဖွားခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်​ရဲ့ ဖခင်လည်း ဖြစ်ပြီး မွေးချင်း ၉ ယောက်မှာ အငယ်ဆုံးသားဖြစ်ကာ ၁၉၄၇ ခုနှစ်က တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသာမသူတွေရဲ့  လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up