နိုင်ကျဉ်းလွတ်မြောက်ရေး လမ်းလျှောက်သည့်ဆရာတော် ကူမဲမြို့ကိုရောက်ရှိ
DVB
·
October 4, 2013
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် မန္တလေးကနေ ရခိုင်အထိ တကိုယ်တော် လမ်းလျှောက်တဲ့ ဆရာတော် ဦးရက္ခ၀ံသဟာ အောက်တိုဘာ ၃ ရက်က ကူမဲမြို့ကို ရောက်ရှိခဲ့ပါတယ်။
လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်နဲ့ ပုဒ်မ ၁၈ ကြောင့် ဖမ်းခံရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဆရာတော် ဦးရက္ခ၀ံသဟာ မန္တလေး မဟာမြတ်မုနိဘုရားကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့က မဟာမြတ်မုနိဘုရားအထိ တကိုယ်တော် လမ်းလျှောက် တောင်းဆိုနေတာ ဖြစ်ပြီး လူငယ်တချို့လည်း နောက်ကနေ လိုက်ဝန်းရံပေးခဲ့ကြပါတယ်။
ဆရာတော်ဟာ အောက်တိုဘာ ၁ ရက်နေ့ နေ့ခင်း တနာရီမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးက စတင်ထွက်ခွာပြီး ည ၆ နာရီမှာ ပုလိမ်မြို့ ငါးဆူကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကတဆင့် အောက်တိုဘာ ၂ ရက်နေ့မနက် ၅ နာရီဝန်းကျင်လောက်မှာ ပြန်လည်ထွက်ခွာပြီး နေ့လည် ၁၂ နာရီမှာတော့ ကျောက်ဆည်မြို့ ရွှေလံထူကျောင်းတိုက်ကို ရောက်ရှိခဲ့တာပါ။
လမ်းမှာ ဟန်မြင့်မိုလ်က မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနဲ့ ကူမဲမြို့က ရွှေဘုံသာ ကျောင်းတိုက်တွေမှာ ခေတ္တာနားခိုခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၃ နာရီမှာ ခရီးဆက်လက် ထွက်ခွာခဲ့ပါတယ်။
ဆရာတော်ကို လမ်းခရီးအတွင်း ဘာသာပေါင်းစုံက ရေနဲ့ ဆေးကုသိုလ်တွေ လှူဒါန်းတာတွေလည်း ရှိပါတယ်။
ဆရာတော် ဦးရက္ခ၀ံသဟာ အရင်ကလည်း ရန်ကုန်ကနေ မန္တလေးအထိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လမ်းလျှောက်ခဲ့ပါတယ်။