Wednesday, May 31, 2023
HomeLead Storyရဲတပ်ဖွဲ့ ပိတ်ဆို့ထားသဖြင့် သံတွဲတွင် ထိုင်သပိတ်ဆန္ဒပြ

ရဲတပ်ဖွဲ့ ပိတ်ဆို့ထားသဖြင့် သံတွဲတွင် ထိုင်သပိတ်ဆန္ဒပြ

စစ်အာဏာရှင် ဆန့်ကျင်ရေး ရခိုင်ပြည်နယ် သံတွဲမြို့က ဆန္ဒပြပွဲကို ရဲတွေက နေရာတကာ ပိတ်ဆို့ထားတာကြောင့် ဒီနေ့ ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ဟာ ၆ ရက်မြောက် ဆန္ဒပြတာဖြစ်ပြီး သံတွဲမြို့လယ် မာဃလမ်းတလျှောက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တာပါ။

“မနေ့က လူတန်းကို ကားနဲ့ဖြတ်တိုက်တာ ရှိခဲ့တယ်။ ဒီနေ့လည်း နေရာတကာမှာ ရဲကားတွေနဲ့ ပတ်နေတာ၊ ပိတ်ဆို့ထားတာတွေရှိတော့ ထိုင်သပိတ်ပဲ ပြဖြစ်တယ်။ ဒီနေ့ ဆန္ဒပြပွဲမှာ ဆရာဝန်တွေနဲ့ ဆေးရုံက နာ့စ်မတွေ သိသိသာသာပါလာတယ်။ တခြားဝန်ထမ်းတွေလည်း ပါလာပေမယ့် ယူနီဖောင်းတွေ မဝတ်ကြပါဘူး” လို့ ပါဝင်သူတယောက်က ပြောပါတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေကို ရဲတွေက တောက်လျှောက် ပိတ်ဆို့တားဆီးခဲ့သလို ဆန္ဒပြသူတွေက ရှောင်ကွင်းခဲ့ပေမယ့် ရဲကားက လူတန်းကို ၂ ကြိမ် ဖြတ်တိုက်ခဲ့ပါတယ်။ ပြီးတော့ လူတချို့ကို ဖမ်းဆီးခဲ့ပေမယ့်မမိဘဲ ဆန္ဒပြသူတယောက်ကို ကားနဲ့ဝင်တိုက်လို့ ရဲကားကို လက်သီးနဲ့ ထိုးခဲ့သူကိုတော့ ဖမ်းဆီးပြီး အမှုဖွင့် အာမခံပေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular