Sunday, May 28, 2023
HomeLead Storyကြေးနီစီမံကိန်း၊ အထည်စက်ရုံက လုပ်သားများအပါအဝင် လူထုသောင်းနဲ့ချီ စစ်အစိုးရကိုဆန္ဒပြ

ကြေးနီစီမံကိန်း၊ အထည်စက်ရုံက လုပ်သားများအပါအဝင် လူထုသောင်းနဲ့ချီ စစ်အစိုးရကိုဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ  အမှတ် ၆ အထည်စက်ရုံ၊ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကြေးနီစီမံကိန်းတို့က အလုပ်သမားဝန်ထမ်းတွေအပါအဝင် ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူတွေ‌အင်အား သောင်းနဲ့ချီကာ စစ်အာဏာရှင်အစိုးရကို ဆန့်ကွက်ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း နေ့စဉ်တိုးတက်များပြားလာနေတယ်လို့ဆိုပါတယ်။

ဆားလင်းကြီးမြို့မှာတော့ စစ်အစိုးရကို ဆန္ဒပြသူတွေနဲ့ လုံထိန်းတပ်ဖွဲ့တွေ အကြား ထိပ်တိုက်တွေ့တာမျိုးတော့ မရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular