ဆန္ဒပြ လက်ရွေးစင်ဘောလုံးသမားများ ဘောလုံးသရုပ်ပြကစား
DVB
·
February 12, 2021
စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေဟာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရန်ကုန်ယူနိုက်တက်ကွင်းကနေ လှည်းတန်းဆီ ချီတက်ဆန္ဒပြခဲ့ကြပြီး တက္ကသိုလ်ရိပ်သာလမ်းမှာ ဘောလုံး သရုပ်ပြကစားခဲ့ကြပါတယ်။
လက်ရွေးစင်အသင်းက ဂိုးသမား ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ နန္ဒကျော်၊ ဒေးဗစ်ထန်၊ ကျော်ဇင်လွင်၊ ရန်နိုင်ဦးမျိုးကိုထွန်း၊ ထိုက်ထိုက်အောင် အစရှိတဲ့ကစားသမားတွေနဲ့ လက်ရွေးစင်ဟောင်းတွေထဲက ရန်ပိုင်၊ ဇော်လင်းထွန်း၊ ခင်မောင်လွင်၊ ကြည်လင်း အစရှိတဲ့ ကစားသမားတွေလည်း ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။
လွှမ်းမိုးအောင်