Sunday, June 11, 2023
HomeLead Storyရန်ကုန် စည်ပင်ဝန်ထမ်း ၁၀၀၀ ခန့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန် စည်ပင်ဝန်ထမ်း ၁၀၀၀ ခန့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနပေါင်းစုံဝန်ထမ်းအင်အား တထောင်ဝန်းကျင်က ဂျပန်သံရုံးရှေ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

စည်ပင်ဝန်ထမ်းတွေက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကြွေးကြော်မှုတွေနဲ့အတူ ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့၊ ပြည်သူ့မဲကိုအလေးထားဖို့၊ တရားဥပဒေစိုးမိုးရေးရရှိ ဖို့၊ CDM လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ဖို့ စတဲ့ကြွေးကြော်မှုတွေနဲ့ ဂျပန်သံရုံးရှေ့မှာ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် စည်ပင်ဝန်ထမ်းတွေ ညီညွတ်မှုရှိတယ်၊ စည်ပင်ဝန်ထမ်းဟာ ပြည်သူ့ဝန်ထမ်းဖြစ်တယ်ဆိုပြီး ကြွေးကြော်ခဲ့ကြသလို ဒီမိုကရေစီပြန်လည်ရရှိဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး​ကော်မတီ ဝန်ထမ်းတွေဟာ ဌာနပေါင်းစုံကပါဝင်ခဲ့ကြပြီး အင်အားတထောင်ဝန်းကျင်လောက်ရှိတယ်လို့ ဦးဆောင်တဲ့အရာရှိတချို့က ပြောဆိုခဲ့ပါတယ်။ 

ဆန္ဒပြမှုကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်အရှေ့ ကျောက်တိုင်မှတ်တိုင်ကနေ ဂျပန်သံရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပြီး အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ ကြွေးကြော်တောင်းဆိုခဲ့ကြတာပါ။

စိုးမိုးအောင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular