Thursday, June 8, 2023
HomeLead Storyစစ်ကိုင်းတိုင်းအစိုးရက ဝန်ထမ်းများကို အစိုးရမဖွဲ့ခင်ကာလအထိ ရုံးပိတ်ရက်ခွင့်အဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်းအစိုးရက ဝန်ထမ်းများကို အစိုးရမဖွဲ့ခင်ကာလအထိ ရုံးပိတ်ရက်ခွင့်အဖြစ်သတ်မှတ်

အာဏာအသိမ်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းအစိုးရက ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ ဌာနဆိုင်ရာတွေကို တာရားဝင်ရုံးပိတ်ရက်အဖြစ် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုးအစိုးရရဲ့ လက်အောက်ခံ ဌာန၊ အဖွဲ့အစည်းအားလုံးက ဝန်ထမ်းတွေအားလုံးကို အစိုးရမဖွဲ့ခင်ကာလအထိ ရုံးပိတ်ရက်ခွင့်အဖြစ်သတ်မှတ်ပေးခဲ့တာလို့   ဝန်ကြီးချုပ်ကိုယ်စား တိုင်းဥပဒေချုပ်ဦးခင်မောင်လှက လက်မှတ်ရေးထိုးကြေညာလိုက်တာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို သိမ်းယူခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းအလွှာအသီးသီးနဲ့ ပြည်သူလူထုတွေမှာ အခက်အခဲ ကြုံနေရပါတယ်။

အာဏာသိမ်း တပ်မတော်အစိုးရလက်အောက်မှာ ဆောင်ရွက်လိုခြင်း မရှိတဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အပါအဝင် နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

တပ်မတော်က အာဏာသိမ်းယူတာဟာ ဥပဒေမဲ့ပြုကျင့်ခြင်းဖြစ်တဲ့အတွက် တရားမဝင်တဲ့အတွက် တိုင်းဒေသကြီးအစိုးရဲ့အဖွဲ့ ဥပဒေပုဒ်မ ၂၉ မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုကျင့်သုံးပြီး အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်း အာဏာရှင်အလိုမရှိကြောင်း ပြည်သူတွေက နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပူးပေါင်း ပါဝင်နေကြတာပါ။

အောင်ဆန်းမြင့်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular