သံတွဲပဋိပက္ခ အစိုးရသတင်းထုတ်ပြန်
DVB
·
October 3, 2013
ရခိုင်ပြည်နယ် သံတွဲမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ် အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးမှု ဖြစ်တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေး အဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
နိုင်ငံတော်သမ္မတက နှစ်ဖက် ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတွေနဲ့အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း၊ အစိုးရအနေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ပဋိပက္ခတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။