Friday, June 9, 2023
HomeLead StoryCDM လှုပ်ရှားမှုကြောင့် လက်ပံတိုနှင့်ကျောက်ခွက်ရေနံမြေတွင် ရေနံထုတ်လုပ်မှုရပ်ဆိုင်း

CDM လှုပ်ရှားမှုကြောင့် လက်ပံတိုနှင့်ကျောက်ခွက်ရေနံမြေတွင် ရေနံထုတ်လုပ်မှုရပ်ဆိုင်း

DVB

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လက်ပံတိုရေနံမြေနဲ့ မြိုင်မြို့နယ် ကျောက်ခွက် ရေနံမြေမှာ ရေနံဝန်ထမ်းတွေက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်တာကြောင့် ရေနံတွင်းအားလုံး ရေနံထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီလို့ ရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။

CDM လှုပ်ရှားမှုကို လက်ပံတိုရေနံမြေမှာ ၄ ရက်မြောက်တဲ့နေ့ ပြုလုပ်ခဲ့ပြီးနောက်  ရေနံအထွက်မရှိ ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။

ကျောက်ခွက်ရေနံမြေမှာလည်း ဒီကနေ့ကစပြီး အားလုံး CDM ဆောင်ရွက်န်ုင်ပြီလို့ အဲဒီရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။

လက်ပံတိုရေနံမြေအတွင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ရေနံမြေ ဝန်ထမ်းနဲ့မိသားစု ၃၅၀ လောက် စစ်အာဏာရှင်အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုပ်ဖော်ကြသလို ကျောက်ခွက်ရေနံမြေ လုပ်သားတွေကလည်း မြိုင်မြို့ပေါ်အထိ သွားရောက်ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ကိုလင်း(ချောက်)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular