Wednesday, May 31, 2023
HomeLead Storyယင်းမာပင်မြို့တွင် အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း အင်အား ၁ သိန်းကျော် ဆန္ဒပြ

ယင်းမာပင်မြို့တွင် အာဏာသိမ်းစစ်အစိုးရ အလိုမရှိကြောင်း အင်အား ၁ သိန်းကျော် ဆန္ဒပြ

ယင်းမာပင်မြို့ အာဏာသိမ်းစစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်း​တွေ ပါဝင်မှု ထပ်တိုးလာပြီး အင်အား ၁ သိန်း​ကျော်ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်း​တွေ ထပ်တိုးလာသလို CDM မှာလည်း ပါဝင်ကြပါတယ်။

စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ​ကျောင်းသူ​ကျောင်းသားတွေ၊ ​ဒေသခံပြည်သူတွေ၊ လူမူ​ရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူပူးပေါင်း အင်အား ၁ သိန်းကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြည်သူ​တွေကို အ​အေးဘူးတွေ၊ စားစရာမုန့်တွေကို ​ဒေသခံပြည်သူ​တွေက အာဟာရဒါန ကုသိုလ်ပြု ​ကျွေး​မွေးကြသလို အမှိုက်​​ကောက်အဖွဲ့နဲ့ ကျန်းမာ​ရေးကူညီမှု​ပေးနိုင်ဖို့ ​စေတနာ့ဝန်ထမ်း​တွေလည်း ဆန္ဒပြရာလမ်းတစ်​လျှောက် လိုက်လံခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular