Thursday, June 8, 2023
HomeLead Storyတောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၂ ဦး ဖမ်းဆီးခံရ

တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၂ ဦး ဖမ်းဆီးခံရ

တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို မနေ့ညက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တောင်ငူမြို့နယ်    ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံလှက “ခရိုင်ဥက္ကဋ္ဌ ဦးစောဌေးရယ်၊ ကျနော်ရယ်၊ အတွင်းရေးမှူး နှစ်ယောက်ရယ်ကို မနေ့ကညကလာ ရောက်ခေါ်ဆောင်သွားတာပါ။ လက်တလောတော့ ဘာမှ စစ်ဆေးမေးမြန်းတာမျိုး မရှိသေးဘူး” လို့ ပြောပါတယ်။

သူတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်က တောင်ငူလေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာမှာ ခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းယူပြီး အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ခေါ်ယူထိန်းသိမ်းခံထားရသလို တိုင်းဥက္ကဋ္ဌကိုလည်း လာခေါ်မယ်ဆိုတဲ့သတင်းတွေ ထွက်နေတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောလိုက်ပါတယ်။ 

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအပါအဝင် မြို့နယ်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို တပ်မတော်က ခေါ်ယူထိန်းသိမ်းထားတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲမှာလည်း မြို့နယ်ရွေးကာက်ပွဲကော်မရှင် ဥက္ကဋ္ဌကို မနေ့ည ၁၀ နာရီလောက်မှာ သူ့အိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခြေအနေကတော့ မသိရသေးဘူးလို့ သံတွဲခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌက ပြောပါတယ်။

“ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေအရ ရွေးကောက်ပွဲမှာ ပေးပြီးခဲ့တဲ့ မဲတွေကို ကော်မရှင်ရုံးမှာ ၃ လကြာ ထိန်းသိမ်းထားရတာဖြစ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး မသမာမှုတခုခုလုပ်မှာ စိုးရိမ်ရတယ်။”

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ ကျန်မာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦးတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ရဲထွဋ်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular