
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကို အာဏာသိမ်း စစ်အစိုးရက ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှာ နေအိမ်မှာလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးမျိုးနိုင်ဦး(ခ)ကိုမျိုး၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့က အန်အယ်လ်ဒီပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဆိုင်ခွက်၊ အတွင်းရေးမှူးဦးအောင်ကိုဝင်း၊ လားရှိုးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာလင်း၊ မြန်မာရတနာရွှေခေတ်ကုမ္ပဏီပိုင်ရှင် ဦးစိုင်းဘိုဘိုကိုလည်း စစ်အစိုးရက ထိန်းသိမ်းထားပါတယ်။
လက်ရှိရှမ်းပြည်နယ်အတွင်းက တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်း ထားတာတွေရှိနေပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြတဲ့ သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းဖို့ဆောင်ရွက်တာတွေရှိနေတာကြောင့် တိမ်းရှောင်နေရသူတွေလည်းရှိနေပါတယ်။