Home
မြန်မာသတင်း
မြန်မာပြည်သူလူထုကို အကြမ်းမဖက်ရန် မြန်မာစစ်တပ်ကို နော်ဝေအစိုးရတိုက်တွန်း
DVB
·
February 11, 2021
149244526_873250003462011_2138961452530111319_n

စစ်တပ်အာဏာသိမ်းမှုကို  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ မြန်မာပြည်သူလူထုကို အကြမ်း မဖက်ဖို့နဲ့ ပိတ်ပင်တားဆီးတာတွေ မလုပ်ဖို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး  Ine Eriksen Søreide က မြန်မာစစ်တပ်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 

“မြန်မာနိုင်ငံမှာ အရှိန်မြှင့်တက်နေတဲ့ အခြေအနေကို ကျမ သိပ်ကိုစိုးရိမ်ပါတယ်၊  လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့် အခွင့်အရေးအရ  လုပ်ဆောင်နေတဲ့ ပြည်သူတွေအပေါ် စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်တာနဲ့  ပိတ်ပင်ကန့်သတ်မှုတွေလုပ်တာကို ရှောင်ကြဉ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ နော်ဝေနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်။” လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နော်ဝေနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှင်းရှင်းလင်းလင်း ပြစ်တင်ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ  ဒီမိုကရေစီနည်းကျ တရားဝင် ရွေးကောက်တင်မြှောက်ခံရတဲ့ နိုင်ငံရေးသမားတွ၊ သတင်းသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်တွေကို  ချက်ချင်းလွှတ်ပေးဖို့လည်း  မနေ့က ထုတ်ပြန်တောင်းဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့  ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့၊ အစိုးရပြန်လည်ဖွဲ့စည်းဖို့နဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့လည်းတိုက်တွန်းပြောပါတယ်။

အခုအခါ နော်ဝေ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေနဲ့ မြန်မာနိုင်ငံနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေကိုလည်း  ပြန်သုံးသပ်နေပြီလို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024