Monday, June 5, 2023
HomeLead Storyစစ်ကိုင်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌကို ဥပဒေမဲ့ ဖမ်းဆီး

စစ်ကိုင်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌကို ဥပဒေမဲ့ ဖမ်းဆီး

စစ်ကိုင်းတိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ကိုဇော်သူရိန်ထွန်းကို သူ့ရဲ့အိမ်ရှေ့မှာ ထိုင်နေတုန်း အရပ်ဝတ်နဲ့ လူနှစ်ယောက်ကလာပြီး ဥပဒေမဲ့ အတင်းဆွဲချုပ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ကိုဇော်သူရိန်ထွန်းရဲ့ ဇနီး ဒေါ်သူဇာဝင်းက DVB ကို ပြောပါတယ်။

ဒါပေမဲ့ မိသားစုတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝန်းက ဝိုင်းဝန်းတားဆီးခဲ့တာကြောင့် ဖမ်းဆီးမခံခဲ့ရဘူးလို့ ဆိုပါတယ်။

ကိုဇော်သူရိန်ထွန်းဟာ လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းရဲ့ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး ၂၀၁၅ အနိုင်ရ စစ်ကိုင်းတိုင်းအစိုးရလွှတ်တော်ရုံး၊ အစိုးရရုံးတွေမှာ ကွန်ပျူတာနဲ့ဆိုင်တဲ့နည်းပညာတွေကို အခမဲ့ပံ့ပိုးကူညီသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ 

နောက်ပြီး မုံရွာမြို့ အမျိုးသားဒီမိုကဒေစီအဖွဲချုပ်ရဲ့ ဥပဒေအထောက်ကူပြုအဖွဲ့ထဲမှာလည်း ဥက္ကဋ္ဌဖြစ်တယ်လို့လည်း သိရပါတယ်။

ကျော်မင်းသန့်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular