တနင်္သာရီတိုင်း တနင်္သာရီမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာတွေ အများအပြား ပူးပေါင်းပါဝင်လာတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒီကနေ့ပြုလုပ်တဲ့ လှုပ်ရှားမှုမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ ပညာရေးဝန်ထမ်း၊ စာတိုက်ဝန်ထမ်း၊ မွေးမြူရေးနဲ့ ကုသရေးဝန်ထမ်း၊ စိုက်ပျိုးရေးဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ရွေးကောက်ပွဲကော်မရှင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစရှိသဖြင့် ဌာနပေါင်းစုံက ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကို တနင်္သာရီမြို့နယ်က ဒေသခံထောင်နဲ့ချီ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြတာလည်းဖြသ်ပါတယ်။
အောင်ကျော်