ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းတာကို ကန့်ကွတ်တဲ့အနေနဲ့ တတိယမြောက်နေ့အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ဆန္ဒထုတ်ဖေါ်ခဲ့ရာမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတချို့ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကြတယ်။
လူငါးယောက်ထက်ပို မစုဝေးဖို့နဲ့ ည၈နာရီကနေ မနက်၄နာရီအတွင်း အပြင်မထွက်ဖို့ ပုဒ် ၁၄၄၄ ထုတ်ပြန်ကြောင်း စစ်အစိုးရက လိုက်လံကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာ ဆရာဝန်တွေ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်း၊ မြန်မာ့ မီးရထားဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပြည်သူလူထုနဲ့ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြသူတွေဟာ မြစ်ကြီနားဘူတာရှေ့မှ စတင်ချီတက်ခဲ့ပြီး မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ် ဆင်နွှဲခဲ့ကာ ဆမားလမ်းနဲ့ ဆွမ်ပရာဘွမ်လမ်းထောင့် အထက ၁ ရှေ့မှာ ဆန္ဒဖော်ထုတ်မှုကို နေ့လယ် ၁၂နာရီထိပြုလုပ် ခဲ့ကြပါတယ်။