Home
မြန်မာသတင်း
ပုသိမ်တွင် တပ်မတော်ထောက်ခံလှည့်လည်သူများကို ဒေသခံများက သံပုံးတီး တုံ့ပြန်
DVB
·
February 10, 2021
148606692_1048482772302732_1719345224323581195_o
147959037_1048483118969364_8102813767079781214_o
147003493_1048483495635993_8156675364688885900_o
146885008_1048483348969341_4628906308606318275_o
146853959_1048482878969388_5224556004140019831_o
146701944_1048483008969375_3123780555337916698_o
146517901_1048483212302688_2793801918929057680_o
146139121_1048482665636076_8266154952384477902_o

စစ်တပ်က အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့မှာ ပုသိမ်မြို့မှာ တပ်မတော်ထောက်ခံသူ ၁၀၀၀ ကျော်လောက်က လှည့်လည်အင်အားပြခဲ့တဲ့အပေါ် သူတို့ သွားတဲ့ လမ်းတလျှောက်ရှိ ဒေသခံပြည်သူတွေက စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ အာဏာရှင်စနစ်ကျရှုံးပါစေ စတာတွေ ကြွေးကြော်ပြီး သံပုံးတီး တုံ့ပြန်ခဲ့ပါတယ်။

တပ်မတော်ထောက်ခံသူတွေက စစ်အာဏာသိမ်းတာကို ထောက်ခံကြောင်းနဲ့ တရားဥပဒေစိုးမိုးမှုကိုလိုက်နာကြဖို့ ဆိုင်းဘုတ်တွေနဲ့ နိုင်ငံတော်အလံတွေကိုဆောင်ပြီး မြို့ပေါ်လမ်းတွေမှာ အင်အားပြလှည့်လည်ခဲ့တာပါ။

တပ်မတော်ထောက်ခံတဲ့လူတွေလှည့်လည်တာကို ရဲတပ်ဖွဲ့က လာရောက်ညှိနှိုင်းပြီး သွားလို့မရတဲ့ တားမြစ်နေရာကို မသွားဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့က လာရောက်ညှိနှိုင်းခဲ့ပါတယ်။

ရွှေစည်းခုံဘုရားအနီးရောက်တဲ့အချိန်မှာတော့ တပ်မတော်ထောက်ခံပြီး အင်အား ပြလှည့်လည်တဲ့ လူတွေကို ကားတစ်စီးက လာရောက်ပြီး အအေးကမ်းတာတွေ လက်ပြနှုတ်ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024