နိုင်ငံတော်ဗဟိုဘဏ်ရုံးခွဲ (ရန်ကုန်) ရှိ ဝန်ထမ်း အယောက် ၈၀ လောက်က CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နိုင်ငံတော်ဗဟိုဘဏ် လက်အောက်ရှိ ဌာနအသီးသီးမှာ ဝန်ထမ်းပေါင်း ၁၀၀၀ လောက် ရှိတာဖြစ်ပြီး ကျန်တဲ့ဝန်ထမ်းတွေလည်း အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်ပေးဖို့ ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန် ဗဟိုဘဏ်ရုံးခွဲမှာ ဆန္ဒထုတ်ဖော်၊ တောင်းဆိုတာတွေရှိပါတယ်။
အလားတူ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေကလည်း အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ကတော့ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။