လွိုင်ကော်တွင် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် ပြည်သူနှင့်အတူ ပူးပေါင်း ဆန္ဒပြ
DVB
·
February 10, 2021
လွိုင်ကော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ဆန္ဒပြပွဲမှာ ကယားပြည်နယ် ပြည်သူ့ရဲတပ်ဖွဲဝင် ၄၀ လောက် ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာတနိုင်ငံလုံးမှာ ရဟန်းရှင်လူပြည်သူတွေက ပြည်လုံးကျွတ်ဆန္ဒပြနေကြရာမှာ လွိုင်ကော်မြို့မှာလည်း ပြည်သူလူထုတွေက တတိယမြောက်နေ့အဖြစ် ဆန္ဒပြနေကြတာပါ။