Monday, May 29, 2023
HomeLead Storyအမ်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ချင်းကျောင်းသူကို ရဲက ဖမ်းဆီး

အမ်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ချင်းကျောင်းသူကို ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ ချင်းကျောင်းသူတယောက်ကို မနေ့ညက ရဲက ဖမ်းဆီးသွားပါတယ်။

မိုင်ရတနာအောင်ဟာ မနေ့က အမ်းမြို့ရဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ည ၉ နာရီကျော်အချိန် အိမ်ကို လာရောက်ဖမ်းခံခဲ့ရတာပါ။

သူ့မိခင် ဒေါ်တင်တင်အောင်က “ရဲသား ၄ ယောက်၊ ရဲမေ ၁ ယောက်နဲ့ ဆယ်အိမ်ခေါင်း ၁ ယောက် ပါတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတော့ ဆန္ဒပြလို့တဲ့။ ဆန္ဒပြတာက အမ်းတမြို့လုံး ပြကြတာပဲ။ အခု သိရတာကတော့ သဘာဝဘေးစီမံဥပဒေပုဒ်မနဲ့ ဒီနေ့ တရားရုံးတင်မယ်တဲ့” လို့ ပြောပါတယ်။

ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မိုင်ရတနာအောင်ဟာ (CUSR -Chin University Students In Rakhine State) အဖွဲ့ဝင်ဖြစ်ပြီး အမ်း CUSR ရဲ့ အတွင်းရေးမှူးတယောက်လည်း ဖြစ်ပါတယ်။

အခုလို အပြစ်မဲ့ မိန်းကလေးတယောက်ကို ညအချိန်မတော် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အမ်းမြို့မ ရဲစခန်းက ရဲတွေရဲ့ လုပ်ရပ်တွေကို CUSR က အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular