Sunday, May 28, 2023
HomeLead Storyမြန်မာ-ယန်စီနှင့် မြန်မာ-ဝမ်​ပေါင် အလုပ်သမား​များ ဆက်လက်ဆန္ဒပြ​

မြန်မာ-ယန်စီနှင့် မြန်မာ-ဝမ်​ပေါင် အလုပ်သမား​များ ဆက်လက်ဆန္ဒပြ​

စစ်အာဏာရှင်အလိုမရှိကြောင်း စစ်ကိုင်းတိုင်း​ဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာ-ယန်စီ နဲ့ မြန်မာ-ဝမ်​ပေါင် အလုပ်သမားတွေဟာ ​ဖေ​ဖော်ဝါရီ ၁၀ ​နေ့ မနက်ပိုင်းမှာ ဆက်လက်ဆန္ဒပြ​နေကြပါတယ်။

အလုပ်သမား​​တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားကြပြီး နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်​မပေးမချင်း ဆက်လက်ဆန္ဒထုတ်​ဖော်သွားကြမယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular