Home
မြန်မာသတင်း
မင်းလှတွင် စစ်အာဏာရှင်အလိုမရှိကြောင်း အင်အား ၁ သိန်းကျော် ဆန္ဒပြ
DVB
·
February 9, 2021
148018032_3016356611930319_394278650659347347_o
148004791_3016360731929907_1945695643671528016_o
148383596_3016359938596653_2087484313360681686_o
148212281_3016360221929958_5669669912300517790_o
148065633_3016357468596900_7920163293687164625_o
148037497_3016357788596868_4049344452623258112_o
148032523_3016355365263777_906954647686567089_n

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ၃ ရက်မြောက်နေအဖြစ် ပြည်သူတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေ၊ မီးရထားဝန်ထမ်း‌တွေ၊ တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားပေါင်းစုံးပူးပေါင်းပြီး အင်အားတစ်သိန်းကျော် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူတွေဟာ မင်းလှမြို့တွင်းမှာတစ်ဖွဲ့၊ မင်းလှမြို့နယ် စစ်ကွင်းမြို့မှာတစ်ဖွဲ့  နှစ်ဖွဲ့ခွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လုံခြုံးရေးရဲတပ်ဖွဲ့အနည်းငယ်သာ လုံခြုံရေးချထားပါတယ်။

စစ်အာဏာရှင်စနစ်ကိုအလိုမရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ မင်းလှမြို့ လူစည်ကားရာလမ်းမတွေပေါ်နဲ့ စစ်ကွင်းမြို့လမ်းမတွေပေါ် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြပွဲကို မနက် ၉ နာရီလောက်က စတင်ခဲ့ပြီး ၁၁ နာရီဝန်းကျင်လောက် အေးချမ်းစွာ ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

သက်နိုင်ဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024