Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်အား မြိတ်မြို့တွင် လူဦးရေ သိန်းချီဆန္ဒပြ (Drone ရိုက်ချက်များ)
DVB
·
February 9, 2021
148114977_224138366100897_1179205080773131295_n-1
147892518_224138756100858_4553643015817630202_n-1
147518898_224138699434197_1322364424462431437_n-1
147316143_224138732767527_6490806434284682097_n-1
146972076_224138666100867_8280921725549453211_n-1
146879155_224138336100900_773206379317385214_n-1
148114977_224138366100897_1179205080773131295_n
147892518_224138756100858_4553643015817630202_n
147518898_224138699434197_1322364424462431437_n
147316143_224138732767527_6490806434284682097_n
146972076_224138666100867_8280921725549453211_n
146879155_224138336100900_773206379317385214_n

ဖေဖော်ဝါရီလ ၉ ရက်နေ့က မြိတ်မြို့မှာပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာတာကို တွေ့မြင်ရပါတယ်။ 

ပညာရေးဝန်ထမ်းတွေ၊ ဥပဒေပညါရှင်တွေ ကျန်းမာရေးဝန်ထမ်းတွေ၊ တက္ကသိုလ်အသီးသီးက ဆရာဆရာမတွေနဲ့ မြေစာရင်း ဌာနက ဝန်ထမ်းတွေ စိုက်ပျိုးရေးဌာနကဝန်ထမ်းတွေ ပါဝင်လာခဲ့ကြသလို ဘဏ်ဝန်ထမ်းအချို့လည်း အခု သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လာတာကို တွေ့မြင်ရပါတယ်။ 

မြိတ်မြို့က ဌာနဆိုင်ရာတစ်ချို့က ဝန်ထမ်းတွေအနေနဲ့ စစ်ဏာရှင်စနစ်အောက်မှာ အလုပ်မလုပ် လိုတဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပြီး ရုံးအချို့လည်း ပိတ်ထားတာကို မြင်ရပါတယ်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကို မြိတ်မြို့မှာ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ဆန့်ကျင် သပိတ်မှောက်နေတာဖြစ်ကာ ဒီကနေ့ သုံးရက်မြောက်တဲ့နေ့မှာတော့ အရင်နေ့တွေကထက် အင်အားတွေများပြားလာပါတယ်။

အခုလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ပတ်သက်လို့ လူစုလူဝေး မလုပ်ဖို့ ဒေသန္တရ အမိန့်တွေထုတ်ပြန်ထားပေမယ့် စစ်အစိုးရထုတ်ပြန်တဲ့အမိန့်ဟာ တရားမဝင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လိုက်နာစရာမလိုဘဲ အာဏာရှင်စနစ် ပြုတ်ကျမှသာ တောင်းဆိုဆန္ဒထုတ်ဖော်မှုတွေကို ရပ်တန့်ပေးမှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တနင်္သာရီတိုင်းရှိ မြို့နယ်တိုင်းမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

အောင်ကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024