DVB Logo
Home
မြန်မာသတင်း
၂၄ နာရီ မီးရရေး ရမ်းဗြဲကျွန်း ဒေသခံများ ဆန္ဒထုတ်ဖော်
DVB
·
September 30, 2013
၂၄ နာရီ မီးရရေး ရမ်းဗြဲကျွန်း ဒေသခံများ ဆန္ဒထုတ်ဖော်
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှာ ၂၄ နာရီ  လျှပ်စစ်မီး ရရေးနဲ့ မီတာခ လျှော့ချပေးရေးအတွက် မြို့ခံတွေဟာ ဒီနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ရမ်းဗြဲဒေသဟာ  ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ထွက်ရှိရာ ဧရိယာထဲမှာ ရှိပေမယ့်လည်း  လျှပ်စစ်မီးမလုံလောက်တဲ့အပြင် ရတဲ့မီးကိုလည်း မီတာခဈေးကြီးကြီးနဲ့ ပေးဆောင်နေရတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ရမ်းဗြဲကျွန်းဒေသခံ အထက်တန်းရှေ့နေ ဦးဇော်မင်းအောင်က ပြောပါတယ်။

“မြို့နယ် မဟာသုခကာရီ ဓမ္မာရုံရှေ့ကနေပြီး တမြို့လုံးကို တပတ်ပတ်တယ်။ ကျောက်ဖြူကိုက ပေးပြီး ကျနော်တို့ ရမ်းဗြဲကျတော့ မပေးဘူး။ ကျနော်တို့ ရမ်းဗြဲကိုလည်း ရသင့်ပါတယ်လို့၊ တယူနစ် ၆၀၀ ကျပ်နဲ့လည်း အကုန်အကျများတယ်။”

ဆန္ဒပြသမားတွေရဲ့ အဓိက တောင်းဆိုချက်မှာတော့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနဲ့ လျှပ်စစ်မီတာခမှာ တမီတာကို ကျပ် ၆၀၀ ပေးဆောင်နေရတာကနေ   တစ်ယူနစ်ကို ၃၅ ကျပ် အထိ လျှော့ချပေးရေးတွေပါဝင်ပြီး ရမ်းဗြဲကျွန်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၅၇ အုပ်စု၊ ပြည်သူပေါင်း ၁ သိန်း ၂ သောင်းအတွက် ရရှိခံစားစေဖို့ ရည်ရွယ်ကြောင်း သူက ဆက်ပြော ပါတယ်။

ရမ်းဗြဲကျွန်းပေါ်မှာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ၂ ခု ရှိပြီး  ကျောက်ဖြူမြို့နယ်မှာ တော့ ၂၄ နာရီ မီးရရှိပြီဖြစ်တဲ့အတွက် ရမ်းဗြဲ ကိုလည်း အလားတူ မီးအလုံအလောက် ရစေလိုတာကြောင့် ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။ ရမ်းဗြဲ တမြို့နယ်လုံးက ပြည်သူတွေ ဆီကလည်း လျှပ်စစ်မီးရရှိရေး တောင်းဆိုတဲ့ ဆန္ဒသဘောထား လက်မှတ်တွေ စုဆောင်းကာ  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကနေ တဆင့် နိုင်ငံတော်သမတဆီ ပေးပို့တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကတော့  ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြီးကနေ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာ၇ီ ရရှိရေးနဲ့  ရခိုင်ပြည်က ထွက်ရှိတဲ့ သယံဇာတတွေ ရခိုင်ပြည်သူတွေ ခံစားခွင့်ရရှိရေး သက်ဆိုင်ရာအစိုးရကို တင်ပြဖို့ ပြည်နယ်လုံးကျွတ်  လက်မှတ် ရေးထိုးရေး ဆောင်ရွက်နေပါတယ်။

ဒီကနေ့ ရမ်းဗြဲကျွန်း ဆန္ဒထုတ်ဖော်မှုကို  မနက် ၉ နာရီကနေ ၁၂ နာရီအထိ  သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး  လူပေါင်း ၃၀၀ အထိသာ ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒါပေမယ့် ရာနဲ့ချီတဲ့ ဒေသခံတွေ   ပူးပေါင်း ဆန္ဒပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013