စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ငူဆန္ဒပြပွဲတွင် ဌာနဆိုင်ရာများ ပါဝင်လာ
DVB
·
February 9, 2021
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို ဒီနေမေနက် ၉ နာရီစတင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ မီးရထား နဲ့ ဌာနဆိုင်ရာ အချို့ ပါဝင်လာတယ်လို့ သိရပါတယ်။
မင်းကြီးညိုကြေးရုပ်နဲ့ ဗိုလ်ချုပ်ကြေးရူပ်ရင်ပြင်မှာ တပ်နဲ့ရဲက ဘယ်ရီဂိတ်တွေ ချပြီး တား မြစ်ပေမယ့် ဆန္ဒပြစစ်ကြောင်းတွေက ကွေ့ရှောင်ကွင်းသွားကြတယ်လို့ ဒေ သခံတစ်ဦးက ပြောပါတယ်။
တောင်ငူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်လာတာ သုံးရက်ရှိလာပြီဖြစ်ပြီး ဒီနေ့ဆန္ဒဖော်ထုတ်ပွဲမှာ လူဦးရေ သိန်းချီ ရှိတယ်လို့ သိရပါတယ်။