မွန်ပြည်နယ် ရေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက် ပြည်သူသိန်းချီ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူ့ရင်ပြင်ကနေ စီတန်းလှည့်လည် ပြီးတော့ မြို့တွင်းလမ်းတလျှောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ရေမြို့နယ် ပထမနေ့ ဆန္ဒပြပွဲမှာ လူငယ်တွေ အများစု ထောင်နဲ့ချီပါဝင်ပြီး ဒီနေ့မှာတော့ ပညာရေးဝန်းထမ်းတွေအပြင် ဒေသခံတိုင်းရင်းသားတွေလည်း ပါဝင်လာခဲ့ကြပါတယ်။
ရေးမြို့နယ်မှာ လူ ၅ ဦးထက်ပိုမစုဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။
နေမျိုးထွဋ်