DVB Logo
Home
မြန်မာသတင်း
အရပ်ဂတိစာချုပ် တရားရင်ဆိုင်ရာတွင် ဆုံးရှုံးမှုပိုများနိုင်
DVB
·
September 30, 2013
အရပ်ဂတိစာချုပ် တရားရင်ဆိုင်ရာတွင် ဆုံးရှုံးမှုပိုများနိုင်
Donate to DVB

မြေယာအဆောက်အဦတွေအပေါ် ရောင်းဝယ်တဲ့နေရာမှာ အများပြည်သူတွေက ကတိခံဝန်ချက်ဖြစ်တဲ့ စပါယ်ရှယ်ပါဝါနဲ့ချုပ်ဆိုပြီး ရောင်းဝယ်ကြတာဟာ ခိုင်လုံမှုမရှိဘူးလို့ ပြည်တွင်းအခွန်ဦးစီးဌာနက ပြောပါတယ်။

မြေယာအဆောက်အဦကို ၀ယ်ရောင်းတဲ့နေရာမှာ ကိုယ်ပိုင် မိမိရဲ့အမည်နဲ့ ပြောင်းပြီး အမည်ပေါက်လုပ်ဆောင်ထားမှသာ ခိုင်လုံမှုရှိတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မြေယာ အဆောက်အဦတွေကို ရောင်းဝယ်တဲ့နေရာမှာ ကတိခံဝန်ချက်တွေနဲ့ ချုပ်ဆိုပြီး ရောင်းဝယ်နေကြတာမျိုးတွေ ရှိနေပါတယ်။

ဒါကြောင့် ဒီကတိခံဝန်ချုပ်တွေက ခိုင်လုံမှု မရှိဘူးလို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ဦးကျော်ကျော်က ပြောပါတယ်။

“ဒီမှာ အဓိကဖြစ်နေတဲ့ ပြဿနာကလူတွေက မြေယာဝယ်တဲ့နေရာမှာ ဂရန် အမည်ပြောင်းဖို့ လိုတယ်။ အမည်ပြောင်းဖို့ကလည်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ထားတဲ့ စာချုပ်ရှိမှ အမည်ပြောင်းခွင့်ရမှာဖြစ်တယ်။ အလားတူ လူနေတိုက်ခန်းမှာဆိုရင်လည်း ၀ယ်သူအနေနဲ့ အိမ်ရှင်က အသိအမှတ်ပြုထားတာဖြစ်တဲ့အပြင် အများကလည်း သိပြီးသား ဖြစ်တယ်ဆိုပြီးတော့ ကတိခံဝန်ချုပ်တွေနဲ့ပဲ ချုပ်ဆိုပြီး ၀ယ်ယူကြတာတွေ့ရတယ်။ ဒါပေမယ့် တကယ်ချုပ်ဆိုရမယ့် စာချုပ်အမျိုးအစားက အရောင်းအ၀ယ်နဲ့ပတ်သက်လို့ရှိရင် ပစ္စည်းတန်ဖိုး စာချုပ်ဆိုတာရှိပါတယ်။ ဒါကြောင့် ဒီလိုစာချုပ်မျိုး ချုပ်ဆိုထားမှုမရှိတဲ့အတွက် တကယ်လို့ တရားသဘောင်နဲ့ ရင်ဆိုင်တဲ့နေရာမှာ ခိုင်လုံမှုမရှိပါဘူး။”

တကယ်လို့ တရားသဘောင်နဲ့ ရင်ဆိုင်ရတဲ့နေရာမှာ ထိုက်သင့်တဲ့ တံဆိပ်ခေါင်းခွန်ကို မကပ်ထားဘူးဆိုရင် ပြစ်ဒဏ်အနေနဲ့ မူလတန်ဖိုးရဲ့ ၁၀ ဆပေးလျော်ရမှာဖြစ်လို့ နစ်နာဆုံးရှုံးမှု ပမာဏက ပိုများသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် နဂိုကတည်းက ပြည့်စုံကျနာစွာနဲ့ ထိုက်သင့်တဲ့ တံဆိပ်ခေါင်းခွန် ကပ်ထားရင် တရားသဘောင်နဲ့ ရင်ဆိုင်ရတဲ့နေရာမှာလည်း ကိုယ့်ဘက်က ခိုင်မာမှုရရှိမှာ ဖြစ်ပါတယ်။

အများပြည်သူတွေအနေနဲ့ ပုံမှန်အရပ်ကတိ စာချုပ်တွေနဲ့ ချုပ်ဆိုနေတဲ့အကြောင်းရင်းကို ဦးကျော်ကျော်က “အခုဒီမှာက ၆၀၀ တန် တံဆိပ်ခေါင်းခွန်စာချုပ်နဲ့ချုပ်ထားရင် တော်တော်များများက ငါတို့ခိုင်မာပြီဆိုပြီးတော့ မှတ်ယူနေကြတာတွေရှိတယ်။ ဥပမာ - ကျနော်တို့ တိုက်ခန်း ငှားမယ်ဆိုရင် လချုပ်တို့၊ နှစ်ချုပ်တို့ ချုပ်ကြတာရှိတယ်။ ချုပ်တဲ့နေရာမှာလည်း ပုံမှန် စာချုပ်တွေနဲ့ပဲ ချုပ်ကြတယ်။ အဲ့ဒါတွေကလည်း အများပြည်သူတွေက မသိကြသေးလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ပုံမှန် အရပ်ကတိစာချုပ်တွေနဲ့ ငါတို့ တိုက်ခန်းငှားလို့ရတယ်၊ ၀ယ်လို့ရတယ်လို့ ထင်နေကြလို့ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

အများပြည်သူအနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲနဲ့ အခွန်ထမ်းဆောင်လာဖို့အတွက် ပြည်တွင်း အခွန်ဦးစီးဌာနအနေနဲ့ အသိပညာပေးတဲ့ လုပ်ငန်းတွေကို အစိုးရ သတင်းစာတွေထဲမှာ ထည့်သွင်းဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေရောင်းဝယ်တဲ့အပေါ်မှာ ၀ယ်သူက ၀င်ငွေခွန်နဲ့ တံဆိပ်ခေါင်းခွန်တို့အတွက် ၃၇ ရာခိုင်နှုန်းအခွန် ထမ်းဆောင်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013