Home
မြန်မာသတင်း
၀ိပဿနာ နည်းပြ ဦးဂိုအင်ကာ ကွယ်လွန်
DVB
·
September 30, 2013
1381871_556859561036037_1072255730_n
1381871_556859561036037_1072255730_n
ပြည်ပမှာရော၊ မြန်မာပြည်မှာပါ ထင်ရှားတဲ့ ၀ိပဿနာတရား နည်းပြ ဆရာကြီး  ဦးဂိုအင်ကာဟာ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က  အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ဆရာကြီး ဦးဂိုအင်ကာဟာ  ဆရာကြီးဦးဘခင်ရဲ့ နည်းလမ်းကိုယူပြီး  အိန္ဒိယ၊ မြန်မာ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ  ဘုရားတည်၊ ကျောင်းဆောက်၊ တရားစခန်းတွေဖွင့်လှစ်ကာ  ၀ိပဿနာ ပြန့်ပွားရေးနဲ့ သာသနပြုလုပ်ငန်းတွေ ဆောင်ရွက်နေ သူဖြစ်ပါတယ်။ ၀ိပဿနာ ကျင့်စဉ်တွေကို  တပည့်  ၈၀၀ လောက်နဲ့ နှစ်စဉ် ကမ္ဘာအရပ်ရပ်က  လူပေါင်း ၁ သိန်းလောက်ကို ပို့ချပေးနေတာဖြစ်ပြီး  အကျဉ်းထောင်တွေထဲကိုလည်း သွားရောက်ကာ ထောင်သားတွေဆီ  ဗုဒ္ဓရဲ့ တရားဓမ္မတွေ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်  အသောက မင်းကြီးရဲ့ ကျောက်စာပြန်တမ်း ဘာသာပြန်နဲ့ ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ စာအုပ်ထုတ်ဝေထားပါတယ်။ ဆရာကြီး  ဦးဂိုအင်ကာကို  ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့မှာ မွးဖွားခဲ့ တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့ မွန်လိုင်းမြို့မှာ  အောက်တိုဘာ ၁ ရက်နေ့ ကျင်းပဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024