A d v e r t i s e m e n t With Us

စစ်အာဏာသိမ်းမှုကို မြန်မာ့လက်ရွေးစင်ဘောလုံးသမားများ ကန့်ကွက်ဆန္ဒပြ

တပ်မတော်က အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေလည်း ဒီနေ့ စီတန်းလှည့်လည် လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ့လက်ရွေးစင်ကစားသမားတွေအပါအဝင် လက်ရွေးစင်ဟောင်းတွေနဲ့ မိတ်ဆွေတချို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး စုစုပေါင်း လူ၅၀ ဦးလောက် ဆန္ဒပြခဲ့ကြတာပါ။

အောင်ဆန်းကွင်းကနေ စတင်ပြီး ကွင်းကိုတစ်ပတ်ပတ်ကာ ဆူးလေနဲ့ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး အောင်ဆန်းကွင်းမှာပဲ ပြန်လည်အဆုံးသတ်ခဲ့ပါတယ်။

Reject The Military Coup၊ အာဏာရှင်စနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ အရေးတော်ပုံအောင်ရမည်၊ အမေစု ကျန်းမာပါစေ အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ လက်ရွေးစင်ဘောလုံးသမားတွေ ဖြစ်တဲ့ ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ စည်သူအောင်၊ စိုးမိုးကျော် တို့အပြင် သီဟစည်သူ၊ အောင်ကျော်နိုင်၊ကြည်လင်း အစရှိတဲ့ လက်ရွေးစင်ဟောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ဘောလုံးသမားတွေအနေနဲ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာလည်း စိမ်းလန်းစိုပြည်မှာ လူစုပြီး ဆက်လက်ဆန္ဒပြသွားဦးမယ်လို့ သိရပါတယ်။

လွှမ်းမိုးအောင်

A d v e r t i s e m e n t With Us

More News
Up