DVB Logo
Home
သတင်းတို
၆ လအတွင်း လယ်တီသာသနိက အဆောက်အအုံ မဖြိုဖျက်ဟု အစိုးရ ကတိပြု
DVB
·
September 30, 2013
၆ လအတွင်း လယ်တီသာသနိက အဆောက်အအုံ မဖြိုဖျက်ဟု အစိုးရ ကတိပြု
1 / 2
Donate to DVB

လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို နောက်ထပ် ၆ လအတွင်း ဖြိုခွင်းဖျက်ဆီးတာ လုံးဝမလုပ်ဘူးလို့ စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီးက ကတိပေးသွားပါတယ်။

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ သာသနိက အဆောက်အအုံ မဖြိုဖျက်ရေးအတွက် မန္တလေး အမရပူရမှ လယ်တီသာသနိက အဆောက်အအုံအထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူ ၇၀ ကျော်ကို မနေ့ညပိုင်းမှာ အာဏာပိုင်တွေက ရှေ့ဆက်လမ်းမလျှောက်ဖို့နဲ့ လယ်တီသိမ်ကျောင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အဆိုတင်သွင်းမှုတွေပြုလုပ်ဖို့နဲ့ ဒီအတိုင်း လမ်းဆက်လျှောက်မယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဒီနေ့ မနက် ကောင်းမှုတော်ဘုရားအလွန်က စိန်ရတနာ ကျောင်းဆောင် သစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာမြင့်လှိုင်နဲ့ ဦးခင်မောင်သိန်းတို့အပါဝင် သံဃာနာယကအဖွဲ့ဝင်တွေနဲ့အတူ အာဏာပိုင်တွေက လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုမှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို နောက်ထပ် ၆ လအတွင်း ဖြိုခွင်းဖျက်ဆီးတာ လုံးဝမလုပ်ဘူးလို့ စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီးက ကတိပေးသွားတယ်လို့ ဆန္ဒပြတောင်းဆိုသူတဦးဖြစ်တဲ့ ကိုလှိုင်က ပြောပါတယ်။

“စစ်ကိုင်းတိုင်းသာသနာရေး ၀န်ကြီးကနေပြီးတော့ နောက်ထပ် ၆ လတိတိ ဖြိုဖျက် ဖျက်ဆီးခြင်း မပြုလုပ်ပါဘူးဆိုပြီးတော့ အာမခံချက်ပေးသွားပါတယ်။ အာမခံချက်ပေးတဲ့အပေါ်မှာ ကျနော်တို့ ထပ်ဆင့်တောင်းဆိုထားတယ်။ အာမခံချက်ပေးသည့် ကာလအတွင်းမှာ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်မှာ ဒေသခံ ပြည်သူတွေရော ဘုရားဖူးလာ  ပြည်သူတွေရာ အားလုံးကို လွတ်လွတ်လပ်လပ်စွာ သွားလာ ဖူးမြော်ခွင့်ကို တောင်းဆိုထားတယ်ခင်ဗျ။ လောလောဆယ်အခြေအနေမှာတော့ အာဏာပိုင်တွေနဲ့ ညှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ၀င်ရောက် ညှိနှိုင်းနေပါတယ်ခင်ဗျ။”

မနေ့က အမရပူရ စထွက်တဲ့အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံးဝမထွက်ဖို့ တားဆီးတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတံတားအဆင်းမှာ ရဲအင်အား ၂၀၀ လောက်နဲ့ ထောင်ကားတွေ အချုပ်ကားတွေနဲ့ ဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် အဖမ်းခံထားရတဲ့ ၂ ဦးကို လွှတ်ပေးခဲ့တယ်လို့ ကိုလှိုင်က ဆိုပါတယ်။

ဆန္ဒပြသူတွေက စီမံကိန်းကို ၆ လအတွင်း ပြန်လည်မပြုလုပ်ဖို့နဲ့ လယ်တီသာသနိက အဆောက်အအုံကို ဘုရားဖူးပြည်သူတွေ လွတ်လပ်စွာ သွားရောက်ဖူးမြော်ခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013