မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ ပြည်သူတွေနဲ့ ဝန်ထမ်း ၁၀၀၀ လောက် ဒီနေ့မနက်က ဘုရင့်နောင်လမ်းမကြီးအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။
ဒါ့အပြင် မနေ့က ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ သေနတ်ပစ်ဖောက်လူစုခွဲပြီး ဖမ်းဆီးထားသူ ၁၄ ဦးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့တားဆီးတာတွေ လုပ်ပေမယ့် လူများလာတာကြောင့် ရဲတပ်ဖွဲ့က လမ်းဖွင့်ပေးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ဖမ်းဆီးခံပြည်သူများအားပြန်လွှတ်ပေးရေး၊ စစ်အာဏာရှင်အလိုမရှိ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အား ပြန်လွှတ်ပေး၊ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ စတဲ့ ကြွေးကြော်သံတွေ ဆန္ဒဖော်ထုတ်နေကြပါတယ်။
ဖိုးစီ