DVB Logo
Home
မြန်မာသတင်း
မီတာထိန်းသိမ်းခ အစိုးရ လျှော့ချကောက်ခံမည်
DVB
·
September 28, 2013
မီတာထိန်းသိမ်းခ အစိုးရ လျှော့ချကောက်ခံမည်
Donate to DVB

အစိုးရက မီတာထိန်းသိမ်းစောင့်ရှောက်ခနဲ့ အခြားဝန်ဆောင်မှုတချို့ကို ဒီလကုန်ပိုင်းကလို့ ဈေးလျှော့ပေါ့တဲ့စနစ်နဲ့ ကောက်ခံမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အများပြည်သူထံကနေ မီတာထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေတဲ့နှုန်းထားကို
လာမယ့်အောက်တိုဘာလကစပြီး ၁ လကို ကျပ် ၁၀၀၀ ကနေ ၅၀၀ ကျပ် လျှော့ပြီး ကောက်ခံမယ်လို့ ရန်ကုန်းတိုင်းဒေသကြီး လျှပ်စစ်ပေးဝေရေးဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_44030" align="alignleft" width="300" caption="ဓါတ်ပုံ - မျိုးဇော်လင်း"][/caption]

“အရင်တုန်းက ၁၀၀၀ သတ်မှတ်တယ်။ အောက်တိုဘာလ ၃၁ ရက်က စပြီး ၅၀၀ ကောက်ပါမယ်။ မီးတာဗုံး ဖိုးကို ၈၅,၅၀၀ ကျပ်ကောက်ပါတယ်။ အခု အရင်လက်ဟောင်း မီတာကို ၆၅,၀၀၀ ကောက်ပါတယ်။
ဒစ်ဂျစ်တယ်မီတာကို တိုးတက်ပြီးသုံးတယ်။ စသုံးတဲ့အချိန်မှာ သတ်မှတ်ကြေးကို ၁ သိန်း သတ်မှတ်တယ်။ အခု ၉ သောင်း ကောက်ပါတယ်။ ”
အရင်ကာလတုန်းက လျှပ်စစ်မီးပြတ်တောက်ပေမယ့် မီတာထိန်းသိမ်းစောင့်ရှောက်ခ ပေးရတယ်ဆိုပြီး အများပြည်သူက ဝေဖန်မှုခံနေရပြီး အခုတော့ အစိုးရဘက်က ကောက်ခံမှုကျသင့်ငွေကို တ၀က် လျော့ပေးလိုက်တာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကလည်း နိုင်ငံတ၀န်းလူဦးရေရဲ့ တ၀က်ကို လျှပ်စစ်မီးပေးနိုင်ဖို့ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ လျှပ်စစ်ပေးဝေရေးရုံးမှာ ဒီနေ့ မနက်ပိုင်းကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဧရာဝတီမြစ်ကို မြစ်ကြောင်းထိန်းသိမ်းရေးတွေလုပ်ပြီးမှ ရေအားလျှပ်စစ်ထုတ်လုပ် သွားမယ်လို့ သူက ပြောပါတယ်။
“ဧရာဝတီမြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ကိစ္စတွေ အဲဒါက ပူပေါင်းပါဝင်တာက ပို့ဆောင်ရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ကျနော်တို့က ပို့လာတဲ့ လျှပ်စစ်ဓာတ်အားကို ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်တဲ့အားကို ယူပြီးတော့မှ နိုင်ငံတော်ဖြန့်တဲ့ အဆင့် လုပ်ပါတယ်။ ရေကြောင်းထိန်းသိမ်းတဲ့အနေနဲ့ ရေကြောင်းလမ်းလည်း ပြန်ကောင်းအောင် ဥရောပတိုက်မှာ လုပ်တဲ့ ပုံစံမျိုးပဲ လုပ်ဖို့ စီစဉ်နေပါတယ်။”

လက်ရှိ အခြေအနေအရ ၂၀၁၄ ခုနှစ် နွေရာသီမှာ ၁၅၈ မီဂ္ဂါဝပ် လိုနေဦးမှာဖြစ်ပြီး ရေအားလျှပ်စစ်ရေးစီမံကိန်း အခု ၄၀ နဲ့ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စီမံကိန်း ၇ ခုကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်အကောင်အထည်ဖော်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ထွက်လာပေမယ့် မြန်မာနိုင်ငံတွင်း လျှပ်စစ်မီး မရရှိတာ၊ အိမ်ခြံမြေငှားရမ်းခ ဈေးကြီးမြင့်တာနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ အဟန့်အတားဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013