Sunday, May 28, 2023
HomeLead StoryCDM လှုပ်ရှားမှုတွင် မပါဝင်ရန် သမ္မတရုံးဝန်ထမ်းအချို့ ဖိအားပေးခံနေရ

CDM လှုပ်ရှားမှုတွင် မပါဝင်ရန် သမ္မတရုံးဝန်ထမ်းအချို့ ဖိအားပေးခံနေရ

ပြည်သူကရွေးချယ်ထားတဲ့ အစိုးရကို စစ်တပ်ကနေ အာဏာသိမ်းယူလိုက်တာနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် လက်ရှိ သမ္မတရုံးက ဝန်ထမ်းတစ်ချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience movement (CDM)) မှာ ပါဝင်မယ့် ဝန်ထမ်းတချို့ အထက်အရာရှိတွေရဲ့ ဖိအားပေးတာ ခံနေရတယ်လို့ သိရပါတယ်။

သမ္မတရုံး ဝန်ထမ်းတစ်ဦးက “အာဏာသိမ်းတဲ့နေ့က ပရိုဖိုင်ချိန်းတယ်၊ ပို့စ်တယ်၊ အဲ့ဒါကို အထက်အရာရှိတွေက မလုပ်ကြဖို့တားတယ်။ သောကြာနေ့ကစပြီး သမ္မတရုံး အပြင်ကို မောင်းထုတ်လိုက်တယ်။ ပြီးတော့ သမ္မတရုံးကို နိုင်ငံတော် အုပ်ချုပ်မှု ကောင်စီရုံးလို့ ပြောင်းလိုက်တယ်။ ဒီအခြေအနေမှာ လုံးဝ မလုပ်ချင်တော့ဘူး၊ ရုံးကိုလည်း စစ်ကားတွေက ဝိုင်းထားတယ်။ အိမ်တော်ထဲမှာလည်း တင်ကြားတွေ အများကြီး၊ ဒီအခြေအနေမှာ မလုံခြုံတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အလုပ်ကနေ နုတ်ထွက်စာတင်တဲ့ ဝန်ထမ်းတစ်ချို့ကိုလည်း အထက်အရာရှိတွေက လုံခြုံရေးအခြေအနေအရ နုတ်ထွက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံဝန်ထမ်းတွေအနေနဲ့

CDM လုပ်ရှားမှုမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာပါ။

စစ်အာဏာသိမ်းမှု အလိုမရှိ၊ ဖမ်းထားတဲ့ နိုင်ငံ ခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိင်ငံတစ်ဝန်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်နေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular