DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းဒေသခံများနှင့် ကုမ္ပဏီအကြား အခြေအနေ တင်းမာ
DVB
·
September 28, 2013
လက်ပန်းတောင်းဒေသခံများနှင့် ကုမ္ပဏီအကြား အခြေအနေ တင်းမာ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်း ကြေးနီစီမံကိန်း အဆောက်အအုံတွေ ဆောက်ဖို့ လျော်ကြေး မယူထားတဲ့မြေကို လာရောက်ရှင်းလင်းနေတဲ့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီအကြား အခြေအနေ တင်းမာနေပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်က လက်ပန်းတောင်းဒေသ လိပ်ခွံတောင်အနားက မိုးကြိုးပြင်အလယ်ရွာနေ ဦးဝင်းကျော်ရဲ့လယ်မြေတွေကို အဆောက်အအုံ ဆောက်လုပ်ဖို့ ဘူဒိုဇာနဲ့ လာရောက်မြေညှိနေတဲ့အတွက် ဒေသခံတွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ဦးအုန်းကျော်က “ကျနော်တို့ တောင်တွေ လက်ပန်းတောင်း တောင်ကြီးကတည်းက ကျနော်တို့ စိတ်ဆင်းရဲနေရတဲ့အထဲ အခု လိပ်ခွံတောင်ဆိုတဲ့ တောင်လေးလုံးပါ အဆောက်အအုံဆာက်ရန်ဆိုပြီး လာပြီး ကျနော်တို့တောင်တွေကို ဖျက်ဆီး ဖြိုခွဲနေလို့ မခံနိုင်လွန်းလို့ ရှေ့ကနေ လာတားနေတာပါ” လို့ ဆိုပါတယ်။

လယ်မြေပိုင်ရှင် ဦးဝင်းကျော်က အဲဒီလယ်မြေတွေအတွက် လျော်ကြေးယူမထားတဲ့ အတွက် ကုမ္ပဏီအနေနဲ့ အခုလို လာမလုပ်သင့်ဘူးလို့ပြောပြီး မြေယာလျော်ကြေး မယူရတဲ့ အကြောင်းရင်းကိုလည်း ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျနော်တို့ မယူတာက သူတို့က စာထဲမှာ လက်မှတ်ထိုးပြီး ထုတ်ရတဲ့အခါမှာ သူတို့က ပါတယ်။ ကျနော်တို့ သားစဉ်မြေးဆက်အထိ အရှုပ်အရှင်း မရှိရပါဘူးလို့ သူတို့က စာချုပ်ကြီးမှာ ပါလာတဲ့အတွက်ကြောင့် ကျနော်တို့ သားစဉ်မြေးဆက် လုပ်စားရအောင်လို့ အဲဒီအတွက်ကြောင့် ကျနော်တို့က ငွေကို မယူနိုင်တာပါ။”
ကုမ္ပဏီက ဘူဒိုဇာနဲ့ လာရောက်မြေညှိနေတဲ့အတွက် မိုးကြိုးပြင်အလယ်ရွာက ဒေသခံတွေကလည်း သူတို့လယ်တွေကို သူတို့ထွန်ယက်မယ်ဆိုပြီး အပြိုင်ထွန်ယက်ခဲ့ကြပါတယ်။ ဒီလို တင်းမာတဲ့အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ကြည့်ရှုနေတယ်လို့ ပြောပါတယ်။

အဲဒီနောက် နေ့လယ် ၁၁ နာရီလောက်မှာ ဘူဒိုဇာရပ်နားလိုက်လို့ ကျေးရွာသားတွေ ပြန်သွားတဲ့အခါမှာ နေ့လယ် ၂ နာရီလောက်မှာ ရဲတွေနဲ့အတူ ပြန်ရောက်လာပြီး ဘူဒိုဇာနဲ့ မြေညှိတဲ့အလုပ်ကို ပြန်လုပ်နေတဲ့အတွက် ဒေသခံတွေ ပြန်လည်ရောက်လာပြီး အခြေအနေ ပိုမိုတင်းမာလာခဲ့ပါတယ်။
အခြေအနေကို သိရှိနိုင်ဖို့ ဒီဗွီဘီအနေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းတဲ့အခါ အတွေ့မခံခဲ့ပါဘူး။

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ သမ္မတဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

စစ်အစိုးရလက်ထက် ကုမ္ပဏီတွေ သိမ်းဆည်းထားတဲ့ မြေတွေရယ်၊ နိုင်ငံတော်တိုးတက်ရေးအတွက် သိမ်းထားတဲ့မြေတွေရယ်၊ စက်ရုံတွေ တည်ဆောက်ဖို့ သိမ်းထားတဲ့ မြေယာသိမ်းမှုပေါင်း ၇၄၅ မှု လွှတ်တော်ကို တင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013