DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ပဋိပက္ခများကြောင့် မြန်မာ့ဒီမိုကရေစီရေး ထိခိုက်နိုင်
DVB
·
September 27, 2013
အကြမ်းဖက်ပဋိပက္ခများကြောင့် မြန်မာ့ဒီမိုကရေစီရေး ထိခိုက်နိုင်
Donate to DVB

လူအုပ်စုတွေအကြားဖြစ်ပွားတဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ခြိမ်းခြောက်နေတယ်လို့ မြန်မာ့မိတ်ဆွေနိုင်ငံ တွေက ပြောကြားလိုက်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေက ၀န်ကြီး အဆင့်ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ စက်တင်ဘာလ ၂၆ ရက်နေ့က မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပပြီးနောက် ခုလိုပြောဆိုလိုက်တာပါ။

ြ[caption id="attachment_43986" align="alignleft" width="300" caption="Photo by UN"][/caption]မန်မာ့မိတ်ဆွေနိုင်ငံတွေက မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး တိုးတက်အောင် ဆောင်ရွက်မှုတွေကို ချီးကျူးပြောဆိုပေမယ့် ဘာသာရေးနဲ့ လူမျိုးရေး အုပ်စုတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို အားနည်းစေလိမ့်မယ်လို့ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
ဒါ့ပြင် ရိုဟင်ဂျာ လို့ သူတို့ကို သူတို့ခေါ် ဆိုသူတွေနဲ့ပတ်သက်လို့လည်း ဒီလူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး နစ်နာမှုတွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ အမြန်ကိုင်တွယ် ဆောင်ရွက်ဖို့ လိုတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တခါးဖွင့်ဈေးကွက် စီးပွားရေးဆောက်ရွက်ချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွှတ်ပေးမှုကို ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီးဆီကို ပိုမိုပွင့်ပွင့်လင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်ဖို့၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်မှုတွေမှာ လူထုအခြေပြုအဖွဲ့အစည်းတွေဟာ အစိုးရနဲ့ပြည်သူတွေအကြား အရေးပါတဲ့ အခန်းကဏ္ဍမှာ တိုးမြှင့်နေရာရလာမယ်လို့ ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား စေ့စပ်ဆွေးနွေးမှုတွေကနေ မကြာခင်မှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေညာနိုင်ဖို့ မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့ကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လာဘ်စားမှု တိုက်ဖျက်ရေး စတဲ့ကိစ္စတွေအတွက်လည်း မြန်မာအစိုးရကို ကူညီသွားမယ်လို့ မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံတွေက ၀န်ကြီးတွေကတော့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေဟာ ပြုပြင်ပြောင်လဲရေးလုပ်ငန်းစဉ်ကို အပြုသဘောပေါင်းစပ် နိုင်ရမယ်လို့ အဓိကထား ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့မိတ်ဆွေနိုင်ငံတွေထဲမှာ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဩစတြေးလျ၊ နော်ဝေ၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013