DVB Logo
Home
မြန်မာသတင်း
ထန်းကုန်း ပဋိပက္ခ ပါဝင်သူများကို ထောင်ဒဏ် ချမှတ်
DVB
·
September 27, 2013
ထန်းကုန်း ပဋိပက္ခ ပါဝင်သူများကို ထောင်ဒဏ် ချမှတ်
Donate to DVB

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုနဲ့ ပါဝင်ပတ်သက်တဲ့သူ ၄ ဦးကို ရွှေဘိုခရိုင် တရားရုံးက စက်တင်ဘာ ၂၆ ရက်နေ့က ထောင်ဒဏ် ၉ နှစ်စီ ချမှတ်လိုက်တယ်လို့ ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာလှိုင်မြင့်ဟန်က ပြောပါတယ်။

ဦးကျော်နိုင်ဦး၊ ဦးမင်းလွင်၊ ဦးထွန်းအောင်(ခ) အောင်ကြီးနဲ့ ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ နဲ့ ထောင်ဒဏ် ၇ နှစ်၊ အများအကျိုး ဖျက်ဆီးမှု ပုဒ်မ ၄၂၇ နဲ့ ထောင်ဒဏ် ၂ နှစ်ကို သီးခြား စီကျခံဖို့ အမိန့်ချခဲ့တာလို့ ပြောပါတယ်။

[caption id="attachment_43983" align="alignleft" width="300" caption="ထန်းကုန်းမြို့နယ် မီးရှို့မှုဖြစ်ပွားခဲ့စဉ်က"][/caption]ဒေါက်တာ လှိုင်မြင့်ဟန်က “သူတို့ ၀န်ခံသွားတယ်ပြောတယ်။ ဘယ်လိုမှ မရိုက်မနှက်ပဲ စစ်ဆေးတဲ့အချိန်မှာ သူတို့ လုပ်တယ်ဆိုတဲ့ အကြောင်းကို ၀န်ခံတယ်ခင်ဗျ” လို့ ပြောပါတယ်။

အကြမ်းဖက်မီးရှို့မှုမှာ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးခံရသူတဦးမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီအထဲက ၆ ဦးကို အကြမ်းဖက်မှုမှာ မပါတဲ့အတွက် စက်တင်ဘာလက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်က အလုပ်က ပြန်လာတဲ့ အမျိုးသမီးတဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတဦးက အဓမ္မပြုကျင်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးတော့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ထန်းကုန်းပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ် ၅၀ ကျော်၊ ဆန်စက် ၁ လုံးနဲ့ ကြက်ခြံ ၁ ခြံ မီးရှို့ခံရပြီး ဆိုင်ခန်း ၁ ဒါဇင်ကျော်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။
အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွဲဆိုခံထားရတဲ့ အမျိုးသားကိုလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013