DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက် သေဆုံးခဲ့မှု စုံစမ်းပေးရန် တောင်းဆို
DVB
·
September 27, 2013
ဂျပန်သတင်းထောက် သေဆုံးခဲ့မှု စုံစမ်းပေးရန် တောင်းဆို
Donate to DVB

ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့်အထိမ်းအမှတ်ကာလမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဂျပန်သတင်းထောက် ကင်ဂျီနာဂအိရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးဖို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများစွာထဲက ဂျပန် သတင်း ထောက်ရဲ့ သေဆုံးမှုကို ပထမအဆင့်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်သားတွေ ယူဆောင်သွားတဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာကိုလည်း မိသားစုကို ပြန်ပေးဖို့ တောင်းချက်မှာ ပါရှိပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြင်သစ်ခရီးစဉ်အတွင်းမှာ စုံစမ်းရေး က်ာမရှင်ကို ဖွဲ့စည်းပြီး သတင်းထောက်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းခဲ့တဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က နယ်စည်းမထား သတင်းထောက်များအဖွဲ့ ဌာနချုပ်ကို လာရောက်စဉ်မှာတော့ အတိတ်က မြန်မာရဲ့ နာကျင်မှု တွေကို အစိုးရက စုံစမ်းစစ်ဆေးဖို့ အချိန်မရောက်သေးဘူးလို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။
ဦးသိန်းစိန်အစိုးရက စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားသလို တိုင်းပြည်က ပိုပွင့်လင်း လာတယ်လို့ ပြောဆိုထားပေမယ့် ကြီးမှားတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုသေးတယ်လို့လည်း ထုတ်ပြန်ချက်ချက်က ထောက်ပြထားပါတယ်။

ဒါ့အပြင် အဆာဟိရှင်ဘွန်းသတင်းထောက် ဦးနေ၀င်းစောလည်း ၁၉၉၀ မှာ အဖမ်းခံရပြီး ၁၉၉၁ မေလမှာ ဆေးရုံမှာ သေဆုံးသွားတဲ့အကြောင်း၊ ၁၉၉၁ ဇွန်နဲ့ ၁၉၉၉ စက်တင်ဘာအတွင်းမှာ စာရေးဆရာ မောင်သော်က ၊ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာ ဦးစောဝင်းနဲ့ ကြေးမုံသတင်းစာက ဓာတ်ပုံဆရာ ဦးသာဝင်းတို့ဟာလည်း အဖမ်းခံထားရစဉ် သေဆုံးခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၃ ခုနှစ် နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာတော့ နိုင်ငံ ၁၇၉ နိုင်ငံမှာ ၁၅၁ နေရာမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013