Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေး လူထုကို စတင်ထိုးနှံ၊  NLD အစိုးရကို ကျေးဇူးတင်ဟု ပြည်သူများပြော 
DVB
·
February 5, 2021
146478726_3888813331181482_6891362260447902519_n
146478726_3888813331181482_6891362260447902519_n
147046375_3888813414514807_1153929510955961850_n
146480913_3888813697848112_7050175000523854465_n
146874517_3888813761181439_7711575537879865652_n
146598911_3888813824514766_2002769325042419311_n
146485248_3888813897848092_8713777759914142713_n
146957624_3888813984514750_3270884577346043506_n
146407815_3888813141181501_182229773762138781_n
145476219_3888813237848158_5576891459400428336_n

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက ကြိုးပမ်းရယူပေးထားတဲ့ ကိုဗစ်-၁၉ ကွယ်ဆေးတွေကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်သူတွေကို စတင်ထိုး ပေးနေပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ရန်ကုန်မြို့ရှိ မြို့နယ်ငါးမြို့နယ်က အသက် ၆၅ နှစ်အထက် ရှိသူတွေကို ဦးစားပေးထိုးပေးခဲ့တာပါ။

ကိုဗစ်ရှီးလို့ အမည်ပေးထားတဲ့ ဒီကာကွယ်ဆေးတွေကိုတော့ လက်ရှိမှာ အာဏာအသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေး ၁ သန်းခွဲ  ရရှိထားတာပါ။

ကာကွယ်ဆေးထိုးခံခဲ့တဲ့  ပြည်သူတွေကတော့ ကာကွယ်ဆေးကို ရယူပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး ဖမ်းဆီးခံထားရမှုကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးတွေဟာ ဇန်နဝါရီ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး လူ ၇ သိန်းခွဲကို ထိုးပေးမှာပါ။

သတင်းဓာတ်ပုံ - ပြည့်ဘုန်းအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024