Live
Home
မြန်မာသတင်း
မီတာထိန်းသိမ်းခနှင့် မီတာလျှောက်ထားခ လျှော့ချမည်
DVB
·
September 27, 2013
လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူတိုင်း ပေးဆောင်နေရတဲ့ မီတာထိန်းသိမ်းခ ၁ လ ကျပ် ၁၀၀၀နဲ့ မီတာ စတင်လျှောက်ထားခ ကျပ် ၈ သောင်းကို လာမယ့် ၂၀၁၃ အောက်တိုဘာ လဆန်းက စပြီး လျှော့ချပေးတော့မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ ဘယ်လောက် လျော့ချမယ် ဆိုတာကိုတော့ စက်တင်ဘာ ၂၈ ရက်နေ့ကျရင် တရားဝင် အတိအကျ ထုတ်ပြန်ကြေငြာသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် အစိုးရဟာ လျှပ်စစ်မီတာခကို သာမန်အိမ်သုံးမီတာ ၁ ယူနစ် ၃၅ ကျပ်၊ လုပ်ငန်းသုံးမီတာ ၁ ယူနစ် ၇၅ ကျပ်နဲ့ မီတာထိန်းသိမ်းခ ၁ လ ကျပ် ၁၀၀၀ ကောက်ခံနေရာမှာ ဒီအတိုင်းထားတဲ့မီတာကို ထိန်းသိမ်းခ လစဉ် ကျပ် ၁၀၀၀ စီ ယူနေတဲ့ကိစ္စ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024