Ooredoo က အလုပ်သမ ၃သောင်းခန့်မည်

Photo by www.ooredoo.com
အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်တဲ့အခါ အလုပ်သမ ၃ သောင်းအထိ အလုပ်ခန့်အပ်သွားမယ်လို့ ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ [caption id="attachment_43951" align="alignleft" width="300" caption="Photo by www.ooredoo.com"][/caption]ထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းဖုန်းနည်းပညာ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ အမျိုးသမီးတွေ အခွင့်အရေး ရသင့်တယ်။ သူတို့နဲ့ သူတို့ကို မှီခိုနေရတဲ့ ဘ၀တွေအတွက်လည်း အခွင့်အရေး ရသင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ အမျိုးသမီးအလုပ်သမားတွေကို အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းမြှင့်တင်ရေးကဏ္ဍတွေမှာ အလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရဟာ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ၄ ခု လုပ်ခွင့်ပြုထားပြီး အဲဒီထဲမှာ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီလဲ ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ၅ သန်းခွဲကျော် တပ်ဆင်ထားပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိတဲ့အတွက် အနာဂတ်မိုဘိုင်းဖုန်း ဈေးကွက် အလွန်ကြီးမားမယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

More News
Up