Home
မြန်မာသတင်း
အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆရာဝန်/သူရဲကောင်းများကို မျက်ကြည်လွှာလှူဒါန်းဂုဏ်ပြုမည်
DVB
·
February 5, 2021

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေတဲ့ ရှေ့တန်းက ဆရာဝန်/သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်က ကျောင်းသား ကျောင်းသူတွေက မျက်စိဘဏ်မှာ   မျက်ကြည်လွှာစု ပေါင်းလှူဒါန်းသွားကြမယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကျောင်းသားတွေအနေနဲ့ အရင်ဆုံး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သင်္ကေတအဖြစ် လက်သုံးချောင်းထောင် လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံး စိတ်ဓာတ်တွေကျမသွားဖို့နဲ့ စည်းလုံးပါဝင်ဖို့ ဆက်လက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမယ်လို့ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကျောင်းသူတစ်ဦးက ပြောပါတယ်။

“ကျမတို့ ကျောင်းသားတွေဟာ အနာဂတ်ကို မျှော်ကိုးပြီး အသက်ဆက်နေကြတာပါ။ ကျမတို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့အစိုးရကိုသာ အလိုရှိပါတယ်။  ခုလက်ရှိ စည်းလုံးစွာတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေအတွက်လည်း ကျမတို့ရဲ့ မျက်ကြည်လွှာ အလှူကဲ့သို့သော ပါဝင်လှုပ်ရှားမှုတွေက အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ကြောင်း ပြောပါတယ်။

ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ဟာ ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ မေဂျာရပ်တစ်ခု ဖြစ်ပြီး ကျောင်းသားအင်အားနဲ့ ဆရာဆရာမအင်အား အနည်းငယ်သာရှိသေးတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024