Sunday, May 28, 2023
HomeLead Storyအမှတ်-၂ ရေနံချက်စက်ရုံ ဝန်ထမ်းများ အနီရောင်ဖဲကြိုးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)

အမှတ်-၂ ရေနံချက်စက်ရုံ ဝန်ထမ်းများ အနီရောင်ဖဲကြိုးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)

စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်-၂ ရေနံချက်စက်ရုံရှေ့မှာ စက်ရုံ ဝန်ထမ်းတွေနဲ့ အခြားဌာန ဝန်ထမ်း အင်အား ၂၀၀ လောက် စုပေါင်းပြီး အနီရောင်ဖဲကြိုးလှုပ်ရှားမှုကို ဒီနေ့ညနေ ပြုလုပ်ခဲ့ပါတယ်။

MPPE ရောင်းဝယ်ရေးအဖွဲ့၊‌ ရေနံချက်စက်ရုံဝန်ထမ်းအဖွဲ့တို့က ကမ္ဘာမကြေဘူး သီချင်းသံပြိုင်သီဆိုပြီး စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ချောက်မြို့နယ်ပညာရေးအဖွဲ့၊ မြို့ဈေးအဖွဲ့၊ ရေနံချောင်းရေနံမြေက ရေနံဝန်ထမ်းပေါင်းစုံ စုပေါင်းပြီး ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း  အနီရောင်ဖဲကြိုးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular