Thursday, June 8, 2023
HomeLead Storyရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဆရာနှင့် ကျောင်းသားများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဆရာနှင့် ကျောင်းသားများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

တပ်မတော်ကာကွယ်ဦးစီးချုပ် ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်မှာရှိတဲ့  ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရှိ ဌာနပေါင်းစုံမှ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား/သူ ဟောင်းတွေ ဌာနအသီးသီးမှ ဝန်ထမ်းတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး  ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်နေပါတယ်။

ဖဲကြိုးနီလှုပ်ရှားမှုကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် မုဒ်ဦးရှေ့နဲ့ ဘွဲ့နှင်းသဘင်( ရွှေရတု) ခန်းမရှေ့မှာ ဒီကနေ့  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မနေ့ကလည်း ဇေယျာသီရိမြို့နယ်  ရေဆင်းတက္ကသိုလ် သုံးခုထဲက တစ်ခုဖြစ်တဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဆရာ ဆရာမတွေ၊  ကျောင်းသား/သူ ဟောင်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေက ဖဲကြိုးနီကမ်ပိန်းတွေ ပြုလုပ်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular