Thursday, June 8, 2023
HomeLead Storyချောက်မြို့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

ချောက်မြို့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

မ‌ကွေးတိုင်းဒေသကြီး ချောက်မြို့က ကျန်းမာရေးနဲ့ ကုသရေးဝန်ထမ်းတွေ စုပေါင်းပြီး ဖဲကြိုးနီကမ်ပိန်းကို ဖေဖော်ဝါရီ ၅ ရက် မနက်က ချောက်မြို့ပြည်သူဆေးရုံမှာ  ပြုလုပ်ခဲ့ပါတယ်။

အ‌ဆိုပါကမ်ပိန်းကို ချောက်မြို့နယ် ကျန်းမာရေးနဲ့ ကုသရေးဝန်ထမ်း ၁၀၀ လောက် စုပေါင်း ပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးပါစေဆိုပြီး  ကြွေးကြော်ခဲ့ပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းမှာပဲ ချောက်-လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာရုံးမှာ ဝန်ထမ်းတွေ၊ ရေနံတွင်းတူးစက်အဖွဲ့ ၊သယ်ပို့စက်ပြင်အဖွဲ့ ဝန်ထမ်းတွေနဲ့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဆရာဆရာမတွေ ကလည်း အလားတူ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular