DVB Logo
Home
နိုင်ငံရေး
မွန်- ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရ ဆွေးနွေးမည်
DVB
·
September 26, 2013
မွန်- ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရ ဆွေးနွေးမည်
Donate to DVB

အစိုးရနဲ့ အပစ်ရပ်ရေးသဘောတူထားတဲ့ မွန်နဲ့ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့   ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အခုရက်ပိုင်းအတွင်း တွေ့ဖို့ရှိပါတယ်။

လာမယ့်  စက်တင်ဘာလ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ မွန် အမျိုးသားနှီးနှောဖလှယ်ပွဲကို  တက်ရောက်ရင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံကြမှာပါ။

အစိုးရနဲ့ တိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ မြန်မာ  ငြိမ်းချမ်းရေး စင်တာက  ဦးလှမောင်ရွှေ ကတော့ မွန်နဲ့ကရင်ပြည်နယ်ထဲမှာ အဓိက လှုပ်ရှားနေတဲ့   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံမယ်လို့ ပြောပါတယ်။

“စက်တင်ဘာ ၂၈ ရက်နေ့လယ်ပိုင်းမှာ အဲဒီဒေသထဲမှာရှိတဲ့ အပစ်ရပ် ၄ ဖွဲ့ မွန်ပြည်သစ်ပါတီရယ်၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီရယ်၊ ဒီကေဘီအေရယ် ၄ ဖွဲ့ကို ၀န်ကြီး ဦးအောင်မင်းက ဖိတ်ကြားပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို  ဆွေနွေးဖို့ရှိပါတယ်။”

မွန်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကို  မော်လမြိုင်မြို့မှာ  စက်တင်ဘာ   ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပဖို့ရှိနေတာဖြစ်ပြီး  ဒီဆွေးနွေးပွဲမှာ  မွန်နိုင်ငံရေးပါတီတွေ  လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပက မွန်လူထု အခြေပြု အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013