DVB Logo
Home
မြန်မာသတင်း
“ပြည်သူ့ mandate ကို ဘယ်လိုနည်းနဲ့မှ ချေဖျက်မရနိုင်”- NLD စီအီးစီ ဦးအောင်ကြည်ညွန့်
DVB
·
February 4, 2021
“ပြည်သူ့ mandate ကို ဘယ်လိုနည်းနဲ့မှ ချေဖျက်မရနိုင်”- NLD စီအီးစီ ဦးအောင်ကြည်ညွန့်
Donate to DVB

နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ရောက်ရှိနေတဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက  ဒီကနေ့ ဖေဖော်ဝါရီ  ၄ ရက်နေ့မှာ တတိယ အကြိမ် လွှတ်တော် ခေါ်ယူပြီး ကိုယ်စားလှယ်တွေ ကတိသစ္စာ ပြုခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်ရိပ်သာမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် စီအီးစီလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်တရပ် ခေါ်ယူတယ်လို့ ကြားသိရပါတယ်။ အဲဒီအခြေအနေနဲ့ နောက်ဆုံးဖြစ်ထွန်းမှုကို ပြောပြပါ။‌

ဖြေ။ “တကယ်တမ်းကျတော့ နိုင်ငံရေးအရ ပြောရမယ်ဆိုရင် သူကလည်း သူ့အလုပ်သူလုပ်သလို ကိုယ်ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပဲဗျာ။ အဓိကက ကျနော်တို့က ဘာလဲဆိုတော့ အခုအချိန်အထိ တရားဝင်ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလည်းဖြစ်သလို အားလုံးက အသိအမှတ်ပြုခံထားရပြီးသား ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ သူတို့တတွေက ဒါနဲ့ပတ်သက်ပြီးတော့ ကတိသစ္စာဆိုကြတဲ့သဘောပါပဲ။”

မေး။ နောက်ဆက်တွဲဘာဖြစ်သေးလဲ။

ဖြေ။ “နောက်ဆက်တွဲကတော့ အဲဒီအချိန်နောက်မှာပဲ ထင်တာပဲဗျာ၊ ကျနော်တို့ ဒီ ကိုယ်စားလှယ်တွေကို ဒီနေ့ညနေ အပြီးထွက်ဖို့ ဘာညာပြောတယ်။ ဒါပေမဲ့လို့ ဆိုလိုချင်တာက ကျနော်တို့က နဂိုအစီအစဉ်အတိုင်း  စနစ်တကျလေး သူတို့က ပြန်နေကြတာလေ။ အဲဒါကို တအားကြီးထပြီးတော့ ဖိအားပေးလိုက်တာ ဆိုလို့ရှိရင် ပိုပြီးတော့ ပြင်းပြင်းထန်ထန်တွေ ဖြစ်သွားမှာလေ။ အခုအခြေအနေကတော စနစ်တကျပဲ သူတို့ပြန်နေကြပါတယ်။”

မေး၊ အန်ကယ်က အန်အယ်လ်ဒီပါတီ စီအီးစီတယောက်လည်းဖြစ်တယ်။ အဲဒီစည်ပင်ရိပ်သာမှာ ရှိနေတယ်ဆိုတော့လေ။ ဒီကနေ့ အမှတ်တရ မှာကြားစရာရှိရင် ပြောပေးပါခင်ဗျ။

ဖြေ၊ “အမှတ်တရကတော့ ရှင်းရှင်းလေးပါပဲဗျာ၊ တကယ်တော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကျနော်တို့ တကယ်တမ်း ပြည်သူလူထုအများစုထောက်ခံခဲ့တဲ့ ပြည်သူ့ပါတီလည်းဖြစ်တယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရခဲ့တဲ့မဲတွေဟာ သန့်သန့်စင်စင်နဲ့ သန့်သန့်ရှင်းရှင်း ရခဲ့တဲ့မဲတွေဖြစ်တယ်။ အဲဒါလည်း ခိုင်မာတဲ့အခြေခံအချက်အလက်တွေလည်းရှိတယ်။ ဒီလိုရထားတဲ့၊ ပြည်သူရဲ့ mandate (လုပ်ပိုင်ခွင့်) ရထားတဲ့ဟာကို အခြားနည်း ဘယ်လိုနည်းနဲ့မှ ချေဖျက်လို့မရနိုင်တဲ့ သဘောရှိတယ်။ ဒါကြောင့် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ကိုယ်လုပ်ကြတယ်ဆိုတဲ့ သဘောပါပဲ၊ လုပ်ရန်လည်း တာဝန်ရှိတယ်လေ။

မေး။ ဒီကနေ့ လက်မှတ်ထိုးတာ ကိုယ်စားလှယ် ၇၀ လောက်ထိုးကြတယ်ဆိုတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေကရော။

ဖြေ။  “ကျန်တာတွေက နည်းပညာဆိုင်ရာကိစ္စတွေနဲ့ သွားလိမ့်မယ်ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013