Sunday, May 28, 2023
HomeLead Storyအာဏာသိမ်းမှုကိုလက်မခံဘဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်စတင်ခေါ်ယူ

အာဏာသိမ်းမှုကိုလက်မခံဘဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်စတင်ခေါ်ယူ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာပဲ လွှတ်တော်ခေါ်ယူ ကျင်းပခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စည်ပင်ဧည့်ရိပ်မှာ ကျန်ရှိနေတဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ဝန်းကျင်က လွှတ်တော်ခေါ်ယူတဲ့ ပထမဆုံးနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ကတိသစ္စာပြုလွှာ” ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျန်ရှိနေသေးတဲ့ အမတ်တွေကိုလည်း အွန်လိုင်းကနေ ကတိပြုလွှာအတွက် လက်မှတ်တွေကို ကောက်ယူသွားဖို့ လုပ်ဆောင်နေတယ်လို့ အဲဒီမှာရှိတဲ့ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“စည်ပင်ဧည့်ရိပ်သာမှာ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လှုပ်ရှားမှုကို စတင်လိုက်တာဖြစ်တယ်။”

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာ ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းထားပြီးဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular